• Facebook
  • Twitter
  • Instagram
  • LinkedIn
  • Youtube
  • Who We Are
  • Contact Us
  • Regional News
OHCHR
  • Home
  • About
    • Who We Are
    • Where We Work
    • OHCHR’s Global Priorities
    • Vacancies & Internships
    • Contact Us
  • Human Rights
    • What Are Human Rights?
    • Universal Declaration
    • International Law
    • UN Mechanisms
  • Areas of Work
      • Business & Human Rights
      • Civic Space
      • Death Penalty
      • Climate Change & Environment
      • Non-Discrimination & Equality
      • Indigenous Peoples
      • Migration
      • Early Warning & Prevention
      • Rule of Law & Accountability
      • 2030 Agenda
      • ASEAN/AICHR
      • UN Rights Mechanisms
      • Treaty Body Capacity
  • Countries
      • Brunei Darussalam
      • Cambodia
      • Indonesia
      • Lao PDR
      • Malaysia
      • Myanmar
      • Philippines
      • Singapore
      • Thailand
      • Timor-Leste
      • Viet Nam
  • Publications
    • Reports
    • Manuals
    • COVID-19
    • Global Publications
  • News
    • Regional News
    • Global News
    • Events
    • Stories
    • Video Features
  • Search
  • Menu Menu

WPFD Statement: Burmese

April 28, 2021/in Uncategorized /by todd pitman

ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၏ထုတ်ပြန်ချက်

Michelle Bachelet

၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့

လွတ်လပ်၍ ဆင်ဆာတည်းဖြတ်ခြင်းမရှိသော၊ အမှီအခိုကင်းသော စာနယ်ဇင်းသည် ဒီမိုကရေစီ လူ့အဖွဲ့အစည်းများ၏ အ‌ခြေခံ အုတ်မြစ်ဖြစ်သည်။ ၎င်းသည် အကြပ်အတည်းကာလများအတွင်း အသက်ကယ်ဆယ်ပေးနိုင်သည့် သတင်းအချက်အလက်များကို ပေးနိုင်ပြီး၊ လူထုပါဝင်မှုအတွက် အခြေခံဖြစ်သည့်အပြင် ၊ လူ့အခွင့်အရေးအား တာဝန်ခံမှုနှင့် အလေးထားမှု ရှိစေရန် ကူညီပေးနိုင်သည်။

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့သည် အဆိုပါအခြခံကျသော လုပ်ငန်းဆောင်တာကို ချီးကျူးဂုဏ်ပြုရန် အခွင့်အရေးတစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် ယနေ့သည် အာဖရိကန်စာနယ်ဇင်းသမားများအုပ်စုမှ စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် အဓိက အခြေခံမူများကို စတင်သတ်မှတ်ခဲ့သည့် Windhoek ကြေညာချက်၏ နှစ် (၃၀) ပြည့်သည့် နေ့ပင်ဖြစ်သည်။

အစိုးရပိုင်းဆိုင်ရာမူဝါဒများ သို့မဟုတ် နာမည်ကျော်ကြားလူပုဂ္ဂိုလ်များနှင့် ပတ်သက်သည့် အရေးကြီးသော သတင်းများတင်ဆက်ခြင်းသည် မကြာခဏ တရားစွဲဆိုခံရခြင်းနှင့် ကြုံတွေ့ရသည်မှာ Covid-19 ကာလအတွင်း ပိုမိုမြင်သာလာ သည်။  ကပ်ရောဂါကာလအတွင်း လုပ်ကြံသတင်းများအား ကန့်သတ်ရန်နှင့်  ၎င်းသည် ရာဇဝတ်မှုမြောက်ကြောင်း ပြဌာန်းထားသော ဥပဒေများကို အစိုးရများက စာနယ်ဇင်းသမားများအား ပစ်မှတ်ထားရန် အသုံးချခဲ့ကြသည်။

ကမ္ဘာတစ်ဝှမ်းတွင် လူများသည် ၎င်းတို့၏ စီးပွားရေး၊ လူမှုရေးပိုင်းဆိုင်ရာ အခွင့်အရေးများ နှင့်အတူ  ခွဲခြားဆက်ဆံခံရခြင်း၊ စနစ်တကျဖန်တီးထား‌သော လူမျိုးရေးခွဲခြားခြင်း၊ ပြစ်ဒဏ်မှ ကင်းလွတ်ခြင်းများ နှင့် အဂတိလိုက်စားမှုများ အဆုံးသတ်ရေးအတွက် လမ်းမများပေါ်တွင် တောင်းဆိုမှုများ ပိုမိုပြုလုပ်လာသည်။ ထိုလူမှုရေးပိုင်းဆိုင်ရာ ဆန္ဒပြမှု များအကြောင်း ၎င်းတို့၏ အခြေခံကျသော အခန်းကဏ္ဍအရ  သတင်းရေးသားတင်ဆက်သည့် စာနယ်ဇင်းသမားများသည်  လက်ခံနိုင်ဖွယ်ရာမရှိ လောက်အောင်ပင် ပစ်မှတ်များဖြစ်လာကြသည်။ စာနယ်ဇင်းသမားအများစု သည် ဥပဒေစိုးမိုးရေးအဖွဲ့များ၏ မလိုအပ်ဘဲ အင်အားအလွန်အကျွံအသုံးပြုပြီး ထင်ရာမြင်ရာ ဖမ်းဆီးခံရခြင်းနှင့် ပြစ်မှုဆိုင်ရာ တရားစွဲဆိုခံရခြင်းတို့အား ကြုံတွေ့ခံစားကြရသည်။

စာနယ်ဇင်းသမားတစ်ယောက်အား တိုက်ခိုက်၊ဖမ်းဆီးခြင်းနှင့် ပြစ်မှုဆိုင်ရာ တရားစွဲဆိုခြင်းသည် အခြားစာနယ်ဇင်းသမားများအား အခြားကိစ္စရပ်များအပေါ်  အလွန်အရေးပါသည့် သတင်းပေးပို့ခြင်းအတွက် အဟန့်အတားတစ်ခုထပ် ဖြစ်လာစေသည်။ ဤသို့ဖြင့် လူထု၏ဝေဖန်ဆွေးနွေးခြင်းများ ဆုတ်ယုတ်လျော့နည်းလာစေပြီး ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် လူမှုပတ်ဝန်းကျင်အတွင်းစိန်ခေါ်မှုများကို အကျိုးရှိရှိ တုံ့ပြန်နိုင်သည့် ကျွန်ုပ်တို့၏ ဆောင်ရွက်နိုင်စွမ်းကို အဟန့်အတားဖြစ်စေသည်။

ကမ္ဘာကြီးအား ဤအကျပ်အတည်းကြောင့် ကြီးမားစွာသောထိခိုက် ပျက်စီးခြင်းမှ အမြန်ဆုံးနလန်ပြန်ထူနိုင်ရန် စာနယ်ဇင်းသမားများနှင့် သတင်းမီဒီယာသမားများ၏ လုပ်ငန်းဆောင်တာသည် အလွန်ပင်အရေးပါသည်။ ဓမ္မဓိဌာန်ကျသော၊ ယုံကြည်ရသော၊ အချက်အလက်စစ်ဆေးထားသော သတင်းများသည် လုပ်ကြံသတင်းများကို တန်ပြန်နိုင်ပြီး လက်ရှိစိန်ခေါ်မှုများအတွက် ရေရှည်ဖြစ်ထွန်းစေသည့် ‌ဖြေရှင်းချက်များကို သေချာစေရုံသာမက ပွင့်လင်းမြင်သာ၍ တာဝန်ယူမှုတာဝန်ခံမှုရှိစေပြီး  အင်စတီကျူးရှင်းများအ‌ပေါ် ယုံကြည်မှုကို ဖြစ်ပေါ်လာစေသည်။

လူသားများ၏ကောင်းကျိုးချမ်းသာကိုဖြည့်ဆည်းပေးရာတွင် မှန်ကန်တိကျသည့်သတင်း အရင်းအမြစ်သည် အများပြည်သူအတွက်ပင်ဖြစ်သည်။ စာနယ်ဇင်းသမားတစ်ယောက်အား ရေငုံနှုတ်ပိတ်နေစေခြင်းသည် လူ့အသိုင်းအဝိုင်း တစ်ခုလုံးအတွက် ဆုံးရှုံးမှုတစ်ခုပင်ဖြစ်သည်။

လူထုအား အမြဲမပြတ်သတင်းပေးရန် ခိုင်မာသောသံဓိဌာန်ချမှတ်ထားသည့် စာနယ်ဇင်းသမားများ၏ ရဲစွမ်းသတ္တိကို အပြည့်အ၀ ချီးကျူးဂုဏ်ပြုရန်အတွက်  စာနယ်ဇင်းသမားများ၏ အခွင့်အရေးကို လေးစား ကာကွယ် ဖြည့်ဆည်းပေးရန် ကျွန်ုပ်တို့အားလုံး တောင်းဆိုရမည်။

 

 

 

 

 

Share this entry
  • Share on Facebook
  • Share on Twitter
  • Share by Mail
https://bangkok.ohchr.org/wp-content/uploads/2019/11/Logo-OHCHR.svg 0 0 todd pitman https://bangkok.ohchr.org/wp-content/uploads/2019/11/Logo-OHCHR.svg todd pitman2021-04-28 20:58:582021-05-02 21:51:03WPFD Statement: Burmese
Tweets by OHCHRAsia

Facebook

ohchr logo

icon facebook icon instagram icon linkedin icon twitter icon youtube

About Us | Vacancies | Contact Us

© Copyright 2020 OHCHR

Countries

Brunei Darussalam
Cambodia
Indonesia
Lao PDR
Malaysia
Myanmar
Phillippines
Singapore
Timor-Leste
Thailand
Viet Nam

Global Priorities

Mechanisms
Development
Peace and Security
Non-Discrimination
Accountability
Participation

Scroll to top